ကမ္ဘာဦးကျမ်း 45:15
တဖန် အစ်ကိုရှိသမျှတို့ကို နမ်း၍ သူတို့နှင့် ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
14ညီဗင်္ယာမိန်လည်ပင်းကို ဘက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ ငိုလေ၏။
Cross References
Genesis 29:11ထိုနောက်၊ ယာကုပ်သည် ရာခေလကို နမ်း၍၊ ကျယ်သော အသံနှင့်ငိုလေ၏။
Genesis 33:4ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါ ပြေးလာ၍၊ လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။
Exodus 4:27ထာဝရဘုရားကလည်း၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှါ တောသို့သွားလော့ဟု အာရုန်အား မိန့်တော်မူ သည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏ တောင်ပေါ်၌ မောရှေကို တွေ့၍နမ်းခြင်းကို ပြု၏။
Ruth 1:14သူတို့သည်တဖန်အသံကိုလွှင့်၍ငိုကြွေးကြ၏။ ထိုအခါဩရပသည်ယောက္ခမကိုနမ်း၍မိမိအမျိုးသား တို့ထံသွားသို့ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌မှီဝဲဆည်းကပ်လျက်နေသေး၏။
1 Samuel 20:41လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာ အရပ်က ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တယောက်ကို တယောက်နမ်းလျက် မျက်ရည် ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။
Psalms 77:4မျက်စိမှိတ်၍ မပျော်နိုင်။ လှုပ်ရှားခြင်းရှိသော ကြောင့် နှုတ်မမြွက်နိုင်။