ကမ္ဘာဦးကျမ်း 45:6
မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ် ရှိသေး၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 41:35ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး၍ ဖါရောဘုရင်ထံတော်၌ စပါးများ ကို ဆည်းဘူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထား ကြပါစေ။
Genesis 41:56မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသော အခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့်၍ အဲဂုတ္တု လူတို့အား ရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ် အတိုင်း အစာခေါင်းပါးသတည်း။
Genesis 47:23ယောသပ်ကလည်း၊ သင်တို့နှင့် သင်တို့မြေကို ဖါရောမင်းဘို့ ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကို ယူ၍ လယ်လုပ်ကြလော့။
Deuteronomy 21:4လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ် သော ချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွား လည်ပင်းကို ဖြတ်ပြီးမှ၊
Isaiah 30:24စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍၊ ကောင်း မွန်စွာ ရောနှောသောစပါးကိုသာ မြေ၌လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။