ကမ္ဘာဦးကျမ်း 47:1
ထိုစကားအတိုင်း ယောသပ်သည် ဖါရောမင်း ထံသို့သွား၍၊ ကျွန်တော်အဘနှင့်အစ်ကိုတို့သည် သိုးနွား၊ ဥစ္စရှိသမျှကို ဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟု လျှောက်သဖြင့်၊
1835 Judson Burmese Bible
In The King James Version
In Context
2အစ်ကိုစုထဲက ရွေး၍ ငါးယောက်တို့ကို အထံ တော်သို့သွင်းလေ၏။
Cross References
Genesis 45:10အဘသည် ဂေါရှင်အရပ်၌ နေရမည်။ ကျွန်ုပ် အနားမှာရှိရမည်။ အဘမှစ၍ သားမြေး၊ သိုး၊ နွားနှင့်တကွ ရှိသမျှပါရမည်။
Genesis 46:28ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။
Genesis 46:34ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သော အရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ ဟု အစ်ကိုများ အဘ၏အိမ်သားများတို့ကို ပြောဆို၏။
Exodus 9:26သို့ရာတွင် ဣသရေလအမျိုးသားနေရာဂေါရှင်ပြည်၌ မိုဃ်းသီးမကျမရွာ။