ကမ္ဘာဦးကျမ်း 47:12
အဘနှင့် အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှ တို့ကို အနည်းအများအလိုက် ကျွေးမွေး၏။
1835 Judson Burmese Bible
In The King James Version
In Context
13အလွန်အစာခေါင်းပါး၍ တပြည်လုံးစားစရာ မရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည် အားလျော့လေ၏။
Cross References
Genesis 45:7ဘုရားသခင်သည် သင်တို့ကို မြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှါ၎င်း၊ ကြီးစွာသော ကယ်တင်ခြင်း အားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှါ၎င်း၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကို စေလွှတ်တော်မူပြီ။
Genesis 45:11ထိုအရပ်၌ ကျွန်ုပ်ကျွေးမွေးပါမည်။ သို့မဟုတ် အဘမှစ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှ တို့သည် ဆင်းရဲခြင်းသို့ ရောက်ကြလိမ့်မည်။ အစာ ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်ဟု ပြောကြလော့။
Genesis 47:21လူတို့ကိုကား၊ အဲဂုတ္တုပြည် တစွန်းမှသည် တစွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ၏။
Genesis 50:21ထိုကြောင့်၊ မစိုးရိမ်ကြနှင့်။ သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်ဟုဆိုလျက်၊ သူတို့ကို နှစ်သိမ့် စေ၍ မေတ္တာစကားကို ပြောလေ၏။
Ruth 4:15သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ၏။
Matthew 15:4ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။