ကမ္ဘာဦးကျမ်း 47:23
ယောသပ်ကလည်း၊ သင်တို့နှင့် သင်တို့မြေကို ဖါရောမင်းဘို့ ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကို ယူ၍ လယ်လုပ်ကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 45:6မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ် ရှိသေး၏။
Psalms 107:36ထိုအရပ်၌လည်း၊ ငတ်မွတ်သောသူတို့ကို နေရာ ချတော်မူ၍၊ သူတို့သည် မိမိနေစရာဘို့မြို့ကို တည်ကြ၏။
Proverbs 11:26စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။
Proverbs 13:23ဆင်းရဲသား၊ လယ်လုပ်ခြင်းအားဖြင့် စားစရာ ပွါးများ၏။ သို့ရာတွင်၊ မတရားသော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်တတ်၏။
Isaiah 28:24လယ်လုပ်သောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ၊ မြေကိုဆွလျက်၊ မြေစိုင်ကို ချေလျက်အစဉ် လယ်ထွန် တတ်သလော။
Matthew 24:45အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။