ကမ္ဘာဦးကျမ်း 48:20
တဖန်ဘုရားသခင်သည် သင့်ကို ဧဖရိမ်ကဲ့သို့ ၎င်း၊ မနာရှေကဲ့သို့၎င်း ဖြစ်စေတော်မူပါစေသောဟူ၍ ဣသရေလအမျိုးသားတို့ သည်သင်အားဖြင့် ကောင်းကြီးပေးကြလိမ့်မည်ဟု တိုနေ့၌သူတို့ကိုကောင်းကြီးပေးလေ၏။ ထိုသို့မနာရှေရှေ့မှာ ဧဖရိမ်ကိုနေရာချသတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 24:60ရေဗက္ကကိုလည်း၊ သင်သည် ကျွန်ုပ်တို့၏နှမ ဖြစ်၏။ အသောင်းအသိန်းတို့၏အမိဖြစ်ပစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကို အစိုးရပါစေသောဟု ကောင်းကြီးပေးကြ၏။
Numbers 2:18အနောက်မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Numbers 7:54အဋ္ဌမနေ့၌မနာရှေအမျိုးတွင် မင်းဖြစ်သော ပေဒါဇုရသား ဂါမလျေလဆက်သော ပူဇော်သက္ကာဟူမူကား၊
Numbers 13:8ဧဖရိမ်အမျိုး၊ နုန်သားဩရှေ
Numbers 13:16ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
Ruth 4:11တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည်သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။