ကမ္ဘာဦးကျမ်း 48:9
ယောသပ်က၊ဤပြည်၌ အကျွန်ုပ်အား ဘုရား သခင် ပေးသနားတော်မူသော အကျွန်ုပ်၏ သားဖြစ်ပါ သည်ဟု အဘအားဆိုသော်၊ အဘက၊ ငါ့ထံသို့ လာပါစေ လော့။ သူတို့ကို ငါကောင်းကြီးပေးမည်ဟု ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
8တဖန်ဣသရေလသည် ယောသပ်၏သားတို့ကို ကြည့်ရှု၍၊ ဤသူတို့ကား အဘယ်သူနည်းမေးလျှင်၊
Cross References
Genesis 27:28ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေးတော်မူစေသတည်း။
Genesis 28:3အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကြီး ပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည် အကြောင်းနှင့် များပြားစေတော်မူစေသတည်း။
Genesis 33:5ထိုနောက်၊ မြော်ကြည့်၍၊ မိန်းမများ၊ သူငယ် များကို မြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ် သူနည်းဟုမေးသော်၊ ကိုယ်တော်၏ ကျွန်အား၊ ဘုရား သခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟု ပြန်ပြောပြီးမှ၊
Deuteronomy 33:1ဘုရားသခင်၏လူမောရှေသည် မသေမှီ ဣသ ရေလအမျိုးသားတို့ကို ကောင်းကြီးပေးသော မင်္ဂလာ စကား ဟူမူကား၊
1 Samuel 1:20ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန်စေ့သောအခါ၊ သားယောက်ျားကို ဘွားမြင်ပြီးလျှင်၊ ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။
1 Samuel 2:20တရံရောအခါ၊ ဧလိက၊ သင်သည် ထာဝရဘုရား၌ ငှါးထားသော သားအတွက်၊ ဤမိန်းမတွင် အမျိုး အနွှယ်ကို ပေးတော်မူပါစေသောဟု ဧလကာနလင်မယားကို ကောင်းကြီးပေး၏။ ထိုသူတို့သည် နေရာ အိမ်သို့ ပြန်သွားသောနောက်၊