ကမ္ဘာဦးကျမ်း 7:23
မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင်ငှက် ဖြစ်စေ၊ အသက်ရှင်သော အရာရှိရှိသမျှတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှ စ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာကျန်ကြွင်းကြလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
22အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန်၏။
24ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်း တရာ့ငါးဆယ်ပတ်လုံး အားကြီးစွာ တည်လေ၏။
Cross References
Genesis 7:21မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
Exodus 14:28ထိုသို့ ပင်လယ်ရေသည် ပြန်လာ၍၊ ပင်လယ်ထဲသို့ လိုက်ဝင်သော ဖာရောဘုရင်၏ ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကို လွှမ်းမိုးသဖြင့်၊ တစုံတယောက်မျှ မကျန်ရစ်ရ၊
Job 22:15ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊
Psalms 91:7သင်၏ အနားမှာလူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်းလဲသော်လည်း၊ သင့်ကို မထိ မခိုက်ရ။
Proverbs 11:4အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
Ezekiel 14:14နောဧ၊ ဒံယေလ၊ ယောဘ၊ ဤသုံးယောက်ရှိသော် လည်း၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက် ဝိညာဉ်ကိုသာ ကယ်နှုတ်ရသော အခွင့်ရှိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။