ကမ္ဘာဦးကျမ်း 7:5
မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။
1835 Judson Burmese Bible
In The King James Version
And Noah did according unto all that the LORD commanded him.
In Context
6မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။
Cross References
Genesis 7:16ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်းဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမ စုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း နောဧကို အထဲမှာ ပိတ်ထားတော်မူ၏။
Exodus 39:42ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ်ပြီးမှ မောရှေထံသို့ ဆောင်ခဲ့ကြ၏။
Psalms 119:6အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ရပါ၏။
Luke 8:21ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုကြား၍ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။
John 8:28ထိုကြောင့်ယေရှုက၊ သင်တို့သည် လူသားကိုမြှောက်ထားသောအခါ၊ ငါသည်ဤမည်သောသူဖြစ်သည် ကို၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါအား နည်းပေးတော် မူသည်အတိုင်း ငါဟောပြောသည်ကို၎င်း သင်တို့သည် သိကြလိမ့်မည်။
Philippians 2:8ထိုသို့ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။