The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 8 › ကမ္ဘာဦးကျမ်း 8:20

ကမ္ဘာဦးကျမ်း 8:20

နောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သော ယဇ်ကို ပူဇော်လေ၏။

1835 Judson Burmese Bible

In The King James Version

And Noah builded an altar unto the LORD; and took of every clean beast, and of every clean fowl, and offered burnt offerings on the altar.

In Context

19သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ ငှက်များ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှသော အမျိုးမျိုး အပေါင်းတို့သည်လည်း၊ သင်္ဘောထဲက ထွက်ဆင်းကြ၏။

21ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကို ခံယူ၍၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှ စ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ်။

Read all of ကမ္ဘာဦးကျမ်း 8

Cross References

Genesis 4:4အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ၏။

Genesis 7:3မိုဃ်းကောင်းကင်ငှက်၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။

Genesis 12:8ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့အရှေ့၌ ရှိသော တောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားသို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ထာဝရဘုရား၏ နာမတော်ကို ပဌာနပြု၏။

Genesis 13:18တဖန်အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ ရောက်မှ နေရာကျ၍ ထာဝရဘုရား အဘို့ ယဇ်ပလ္လင်ကို တည်လေ၏။

Genesis 22:9ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။

Genesis 33:20ထိုအရပ်၌လည်း ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 8:20

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 8:19ကမ္ဘာဦးကျမ်း 8ကမ္ဘာဦးကျမ်း 8:21 →