ကမ္ဘာဦးကျမ်း 9:26
တဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။
1835 Judson Burmese Bible
In The King James Version
And he said, Blessed be the LORD God of Shem; and Canaan shall be his servant.
In Context
25ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟုဆို၏။
Cross References
Genesis 12:1ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဘော် များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့ သွားလော့။
Genesis 27:40ထားဖြင့် အသက်ကိုမွေးရလိမ့်မည်။ ညီ၌ ကျွန် ခံရလိမ့်မည်။ နောက်တဖန် အစိုးရသောအခါ၊ သူတင် သောထမ်းဘိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။
Joshua 9:23ယခုမှာ သင်တို့သည် ကျိန်အပ်သောသူ ဖြစ်သ ဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဘို့ ထင်း ခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တယောက်မျှမလွတ်ရဟု ဆို၏။
Psalms 144:15ထိုသို့နေသော လူမျိုးသည် မင်္ဂလာရှိပါ၏။ ထာဝရဘုရားသည် အကြင်လူမျိုး၏ဘုရားသခင်ဖြစ်၏။ ထိုလူမျိုးသည် မင်္ဂလာရှိပါ၏။
Romans 9:5ဘိုးဘေးများတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍ ထာဝရ မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။