ကမ္ဘာဦးကျမ်း 9:27
ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့်၊ ရှေမ၏ တဲသို့တွင်နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။
1835 Judson Burmese Bible
In The King James Version
God shall enlarge Japheth, and he shall dwell in the tents of Shem; and Canaan shall be his servant.
In Context
26တဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။
28နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ် သုံးရာငါးဆယ် အသက်ရှင်၍၊
Cross References
Isaiah 11:10ထိုကာလ၌ ယေရှဲ၏အမြစ်သည် ပေါက်၍၊လူ များအဘို့ထူသောအလံ ဖြစ်လိမ့်မည်။ ထိုအလံ၌ တပါးအ မျိုးသားတို့သည် ဆည်းကပ်ကြလိမ့်မည်။ကျိန်းဝပ်တော်မူ ရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်။
Malachi 1:11နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီး မြတ်ရလိမ့်မည်။ ခပ်သိမ်းသော အရပ်တို့၌ နံ့သာပေါင်း ကို ငါ၏နာမတော်အား မီးရှို့၍၊ သန့်ရှင်းသော ပူဇော် သက္ကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Romans 11:12သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွါးကို၎င်း၊ သူတို့၏ရှုံးခြင်းအရာသည်တပါး အမျိုးသား တို့၏ စီးပွါးကို၎င်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည်သာ၍ ပြုစုမည်မဟုတ်လော။
Ephesians 2:13သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။
Ephesians 3:6ထိုနက်နဲသောအရာဟူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍၊ တလုံးတဝတကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သောဂတိတော်ကို ဆက်ဆံကြရသတည်း။
Hebrews 11:9သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။