ကမ္ဘာဦးကျမ်း 9:4
သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။
1835 Judson Burmese Bible
In The King James Version
But flesh with the life thereof, which is the blood thereof, shall ye not eat.
In Context
Cross References
Leviticus 3:17သင်တို့အမျိုး အစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကို မစားရဟု ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ၏။
Leviticus 17:10ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
Deuteronomy 12:16သို့ရာတွင် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည်။
Deuteronomy 14:21အလိုလိုသေသောအကောင်ကို မစားရ။ သင်တို့ ၌ တည်းခိုသော တပါးအမျိုးသားစားစရာဘို့ ပေးရမည်။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်းရမည်။ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော လူမျိုးဖြစ်ကြ၏။ ဆိတ်သငယ်ကို အမိ နို့ရည်နှင့် မပြုတ်မချက်ရ။
1 Samuel 14:33ထိုသို့ လူများတို့သည် အသွေးနှင့်တကွစား၍ ထာဝရဘုရားကို ပြစ်မှားသည်ဟု ရှောလုအား ကြား လျှောက်လျှင်၊ သင်တို့သည် သစ္စာပျက်ကြပြီ။ ကြီးစွာသော ကျောက်ကို ငါ့ထံသို့ ယနေ့ လှိမ့်ခဲ့။
Ezekiel 33:25သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သွေးနှင့်တကွ အမဲသားကို စားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သက်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။