ကမ္ဘာဦးကျမ်း 9:5
အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့ အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်း တို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။
1835 Judson Burmese Bible
In The King James Version
In Context
4သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။
Cross References
Genesis 42:22ရုဗင်ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။
Exodus 21:12လူကို အသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
Leviticus 19:16သူ့အသရေပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည် ထာဝရဘုရား ဖြစ်၏။
Leviticus 24:21တိရစ္ဆာန်အသက်ကို သတ်သောသူသည်၊ တကောင်အတွက်၊ တကောင်ကို ပြန်ပေးရမည်။ လူအသက် ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။
Numbers 35:17လူအသက်ကို သေစေခြင်းငှာ ကျောက်ခဲနှင့် ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံ ရမည်။
Numbers 35:21သေစေခြင်းငှါ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက် သော်၎င်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သော ကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေ စေသောသူသည် တွေ့သောအခါ သတ်ရမည်။