ကမ္ဘာဦးကျမ်း 9:7
သင်တို့သည် သားကိုဘွား၍များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဘွား၍ များပြားကြလော့ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
And you, be ye fruitful, and multiply; bring forth abundantly in the earth, and multiply therein.
In Context
8တဖန်ဘုရားသခင်သည်၊ နောဧနှင့် သူ၏သား တို့ကို မိန့်တော်မူသည်ကား၊
Cross References
Genesis 1:28အချင်းတို့ များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေးတော်မူ၏။
Genesis 9:1ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သား တို့ကိုကောင်းကြီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာ မွေးဘွားလျက် မြေကြီးပြည့်စေကြလော့။
Jeremiah 29:6ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကို ဘွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တယောက်ကိုတယောက်ပေးစား၍၊ တဖန်သားသမီးကို ဘွားမြင်စေကြလော့။