ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:6
ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုး ဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူ ခြင်းငှါ မြေတပြင်လုံး၌ ချီသွားကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
7အလွန်ကြောက်မက်ဘွယ်သော သူဖြစ်၍ ကိုယ် အလိုအလျောက်တရားစီရင်ဆုံးဖြတ်ကြ၏။
Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 1
Cross References
Deuteronomy 28:49ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူ မျိုး၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက်၊
2 Kings 24:2ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်သိမ်းစေခြင်းငှါ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော် မူ၏။
2 Chronicles 36:17ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ ကို ထားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့အပ်တော်မူ၏။
Isaiah 39:6နန်းတော်၌ ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။
Jeremiah 4:6ဇိအုန်တောင်ပေါ်မှာ အလံကို ထူကြလော့။ လွတ်အောင် ပြေးကြလော့။ ရပ်၍ မနေကြနှင့်။ အကြောင်းမူကား၊ ကြီးစွာသော ပျက်စီးခြင်း ဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည် ဆောင်ခဲ့မည်။
Jeremiah 5:15ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသ ရေလအမျိုး၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေးသော အရပ်ကငါဆောင်ခဲ့မည်။ အားကြီးသောအမျိုး၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး၊ သူတို့စကားကို သင်မသိ နားမလည်သော အမျိုးဖြစ်လိမ့်မည်။