ဟဂ္ဂဲအနာဂတ္တိကျမ်း 2:16
ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရ သော စပါးပုံသို့ လူလာသောအခါ တဆယ်ကိုသာ ရ၏။ စပျစ်ရည်အိုးငါးဆယ်ကို ယူခြင်းငှါ စပျစ်သီးနယ်ရာကျင်း သို့ လာသောအခါ နှစ်ဆယ်ကိုသာ ရ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဟဂ္ဂဲအနာဂတ္တိကျမ်း 2
Cross References
Haggai 1:6သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော် လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာ မစားရကြ။ သောက်သော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ် လုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာ သိုထားရကြ၏။
Zechariah 8:10ထိုကာလအထက်၌ လူခံရသော အကျိုးမရှိ။ တိရစ္ဆာန်ခံရသောအကျိုးမရှိ။ ထွက်ဝင်သော သူတို့သည် ရန်သူရှိသောကြောင့် ချမ်းသာမရကြ။ ငါသည် လူ အပေါင်းတို့ကို တယောက်နှင့်တယောက် ရန်ဘက်ဖြစ်စေ ၏။