ဟေဗြဲဩဝါဒစာ 1:10
တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 4:19မိုဃ်းကောင်းကင်ကို မြော်၍၊ နေ၊ လ၊ ကြယ်များ တည်းဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော လူမျိုးတို့ အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတပါးတို့သည် သွေးဆောင် ၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု ကြလော့။
Psalms 19:1မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။
Proverbs 8:29သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊
Isaiah 48:13အကယ်စင်စစ် ငါ့လက်သည် မြေကြီးကို တည် လေပြီ။ ငါ့လက်ျာလက်သည် မိုဃ်းကောင်းကင်ကို ကြက် လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ခြင်း ပေါ်လာကြ၏။
Isaiah 64:8သို့ရာတွင်အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။
Zechariah 12:1ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော် တည်းဟူသော၊ မိုဃ်းကောင်းကင်ကို ကြက်၍ မြေကြီး တိုက်မြစ်ကို ချတော်မူထသော၊ လူအထဲ၌ လူ၏ဝိညာဉ် ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊