ဟေဗြဲဩဝါဒစာ 1:13
ထိုမှတပါး၊ သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာ ငါချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေ လော့ဟု၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူဘူးသနည်း။
1835 Judson Burmese Bible
In The King James Version
In Context
12ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။
Cross References
Psalms 21:8ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကို တွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ျာ လက်တော်သည် တွေ့တော်မူမည်။
Psalms 132:18ထိုအရှင်၏ ရန်သူများကို ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည်။ သူ၏ဦးရစ်သရဖူသည် ဘုန်းပွင့်လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။
Matthew 22:44ဒါဝိဒ်၏စကားမှာ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။
Luke 19:27ထိုမှတပါး ငါ၏အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာ သတ်ကြဟု စီရင် တော်မူသည်ဟု မိန့်တော်မူ၏။
Acts 2:34ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊
1 Corinthians 15:25ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါး တော်အောက်၌ ချထားတော်မမူမှီတိုင်အောင် အုပ်စိုး တော်မူရမည်။