ဟေဗြဲဩဝါဒစာ 1:8
သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 7:14သင်သည် လူမျိုးတကာတို့ထက် သာ၍ ကောင်း ကြီးခံရသောသူ ဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမ တယောက်မျှ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ။
Psalms 45:6အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။
Psalms 72:7လက်ထက်တော်၌ လသည်ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင်၊ တရားသောသူသည် ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်။
Psalms 99:4တရားကို နှစ်သက်သော ရှင်ဘုရင်၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန်သော စီရင်ခြင်းကို တည်စေတော်မူ၏။ ယာကုပ်အမျိုး၌ တရား သဖြင့်ပြု၍၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။
Isaiah 7:14ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သား ယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။
Isaiah 32:1ကြည့်ရှုလော့။ တရားသဖြင့် အုပ်စိုးသောရှင်ဘု ရင်တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှုးမတ်တို့ သည် တရားသဖြင့် စီရင်ကြလိမ့်မည်။