ဟေဗြဲဩဝါဒစာ 10:34
ထိုအခါသင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသော စိတ်ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ၌သာ၍ မြတ်သော အမြဲတည်သောဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
35ထိုကြောင့်၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။
Cross References
Ecclesiastes 3:6ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
Matthew 6:19သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။
Luke 10:42မာရိမူကား၊ ကောင်းသောအဘို့ကို ရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ မနှုတ်မယူရာဟု မိန့်တော်မူ ၏။
Acts 5:41တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသော ကြောင့်ဝမ်းမြောက်သော စိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။
Acts 28:20ဣသရေလအမျိုး၏မြောက်လင့်ရာ အတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊
Ephesians 3:1ထိုအကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ၏။