ဟေဗြဲဩဝါဒစာ 10:36
ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီးမှ၊ ဂတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်း စိတ်ရှိရမည်။
1835 Judson Burmese Bible
In The King James Version
In Context
35ထိုကြောင့်၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။
37အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မှီ ရောက် တော်မူလိမ့်မည်။
Cross References
Psalms 40:1ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။
Matthew 10:22လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင် အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
Matthew 21:31ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏အလိုကိုဆောင်သနည်းဟု မေးတော်မူလျှင်၊ သား အကြီးဆောင်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ အခွန်ခံတို့နှင့် ပြည်တန်ဆာ တို့သည် သင်တို့အရင် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်တတ်ကြ၏။
Luke 8:15ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသော သူကိုဆိုလိုသတည်း။
John 7:17ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည်ဘုရားသခင်၏ ဒေသနာ တော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။
Acts 13:36ဒါဝိဒ်သည်မိမိကာလ၌ ဘုရားသခင်၏ အလို တော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေး စုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်း သို့ ရောက်လေ၏။