ဟေဗြဲဩဝါဒစာ 13:15
ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။
1835 Judson Burmese Bible
In The King James Version
In Context
14အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သော မြို့မရှိ၊ နောက်ဖြစ်လတံ့သော မြို့ကိုရှာကြ၏။
Cross References
Leviticus 7:12ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်လျှင်၊ ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့ မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့် လုပ်၍ ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
2 Chronicles 7:6ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင် ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ ဒါဝိဒ်မင်းကြီး စီရင်သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။
2 Chronicles 33:16ထာဝရဘုရား၏ ယဇ်ပလ္လင်ကိုပြုပြင်၍၊ မိဿ ဟာယယဇ်နှင့် ကျေးဇူးတော်ဝန်ခံရာ ယဇ်တို့ကိုပူဇော်၏။ ယုဒပြည်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုမည်အကြောင်း မှာထား၏။
Nehemiah 12:40တဖန် သီချင်းသည်နှစ်စုသည် ဘုရားသခင် အိမ်တော်တွင် ရပ်၍၊ တဝက်သော မင်းအရာရှိတို့သည် ငါနှင့်အတူ၊
Psalms 18:49ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်။
Psalms 50:23ကျေးဇူးချီးမွမ်ခြင်း ယဇ်ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။ မိမိသွားသော လမ်းကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင်တော်မူ ခြင်း ကျေးဇူးကို ငါပြမည်ဟု ဘုရားသခင်မိန့်တော်မူ၏။