ဟေဗြဲဩဝါဒစာ 2:10
အကြောင်းမူကား၊ များစွာသော သားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 7:15မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
Proverbs 16:4ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
Isaiah 55:4ကြည့်ရှုလော့။ ထိုသူကို ဥပဇ္ဈာယ်ဆရာဖြစ်စေ ခြင်းငှါ၎င်း၊ စီရင်အုပ်စိုးသော အရှင်ဖြစ်စေခြင်းငှါ၎င်း၊ လူမျိုးတို့အား ငါပေးပြီ။
Micah 2:13အနိုင်အထက်ဖွင့်သောသူသည် သူတို့ရှေ့မှာ သွား၏။ သူတို့သည်လည်း အနိုင်အထက် ဖွင့်၍ တံခါးဝ ဖြင့် ရှောက်သွားကြ၏။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့ မှာသွား၍ ထာဝရဘုရားသည် လမ်းပြတော်မူ၏။
Luke 13:32ယခုနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကိုငြိမ်းစေ၏။ သုံးရက်မြောက်သော နေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့။
Luke 24:46ဤသို့ ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ရမည်။