ဟေဗြဲဩဝါဒစာ 3:10
ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာ တို့ကို နားမလည်ကြဟု ငါဆိုရ၏။
1835 Judson Burmese Bible
In The King James Version
In Context
9ငါ၏အမှုတို့ကို မြင်ရသော တောတွင် ငါ့ကိုဆန့်ကျင် ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။
Cross References
Genesis 6:6မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။
Psalms 67:2ထိုသို့သောအားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကို သိ၍၊ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ခံရကြပါစေသော။
Psalms 78:40သူတို့သည် ကိုယ်တော်ကို တော၌ပုန်ကန်၍၊ လူဆိတ်ညံရာ အရပ်၌ စိတ်တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။
Psalms 147:20အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော် မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေ လုယ။
Isaiah 63:10သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန် ဘက်ပြု၍ စစ်တိုက်တော်မူ၏။
Hosea 4:12ငါ့လူတို့သည် သစ်သားနှင့် တိုင်ပင်တတ်ကြ၏။ သူတို့၏တောင်ဝေးသည် အကြံပေးတတ်၏။ ကိလေသာ စိတ်အားကြီးသောကြောင့်၊ သူတို့သည် လမ်းလွှဲ၍ မိမိတို့ ဘုရားသခင့်ထံမှာ မနေ၊ မှားယွင်းတတ်ကြ၏။