ဟေဗြဲဩဝါဒစာ 3:8
ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊
1835 Judson Burmese Bible
In The King James Version
Harden not your hearts, as in the provocation, in the day of temptation in the wilderness:
In Context
9ငါ၏အမှုတို့ကို မြင်ရသော တောတွင် ငါ့ကိုဆန့်ကျင် ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။
Cross References
Exodus 8:15ဖါရောမင်းလည်း၊ သက်သာရကြောင်းကို သိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲ နေပြန် လေ၏။
Numbers 14:11ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ် မျှကာလပတ်လုံး ငါ့ကို မရိုမသေပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့ပြီးသမျှသော နိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှ ကာလပတ်လုံးငါ့ကို မယုံဘဲ နေကြလိမ့်မည်နည်း။
Deuteronomy 6:16သင်သည် မဿာအရပ်၌ ပြုသကဲ့သို့၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။
1 Samuel 6:6သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွားကြ၏။
2 Chronicles 30:8သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရား၏အမှုတော်ကို စောင့်ကြလော့။
Nehemiah 9:16သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာန ထောင်လွှား၍၊ ခိုင်မာသော လည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ။