ဟေဗြဲဩဝါဒစာ 5:1
လူတို့တွင်ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 28:1သင်၏ အစ်ကိုအာရုန်သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့်သူ၏ သားတည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ခန့်ထားလော့။
Leviticus 8:2သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရာ ယဇ်ဘို့ နွားထီး၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့ မုန့်တတောင်းကိုယူ၍၊-
Leviticus 9:15လူများ ပူဇော်သက္ကာကိုလည်း ဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူ သတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက် ပူဇော်လေ၏။
Numbers 18:1တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ သင်နှင့် သင်၏သားမြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်းရာဌာနတော်နှင့်ဆိုင်သောအပြစ်၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သော အပြစ်ကို ခံရကြမည်။
Hebrews 7:27အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်းမရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးတော်မူပြီ။
Hebrews 9:9ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊