ဟေဗြဲဩဝါဒစာ 5:14
ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍ သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင်အတွေ့ အစမ်းများသော သူတည်းဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့မူကား၊ ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
13နို့ကိုသာသုံးဆောင်သောသူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား၌ လေ့လာခြင်းမရှိ။
Cross References
2 Samuel 14:17ကိုယ်တော် ကျွန်မကလည်း၊ ငါ့သခင်အရှင်မင်းကြီး၏ အမိန့်တော်ကြောင့် ချမ်းသာရမည်။ ဘုရားသခင် ၏ကောင်းကင်တမန်ကဲ့သို့ ငါ့သခင်အရှင်မင်းကြီးသည် ကောင်းမကောင်းကို ပိုင်းခြား၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်နှင့်အတူ ရှိတော်မူလိမ့်မည်ဟု လျှောက်လေ၏။
1 Kings 3:11ဘုရားသခင်ကလည်း၊ သင်သည်တာရှည်သော အသက်ကို မတောင်း၊ စည်းစိမ်ကိုလည်းမတောင်း၊ ရန်သူ တို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှါ တတ်နိုင်သောဉာဏ်ကိုသာ ကိုယ်အဘို့ တောင်းလျှောက် သောကြောင့်၊
Job 12:11ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။
Psalms 119:103မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏။
Song of Solomon 2:3တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသော အသီး ကို စားရ၏။
Matthew 5:48ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့ သည်လည်း စုံလင်ခြင်းရှိကြလော့။