ဟေဗြဲဩဝါဒစာ 7:5
ယဇ်ပုရောဟိတ်အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သောသူတည်းဟူသော၊ မိမိတို့ ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း ဆယ်ဘို့တဘို့ကို ခံရသော အခွင့်ရှိကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 46:26ယာကုပ်ချွေးမများကို မဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်း ကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။
Exodus 28:1သင်၏ အစ်ကိုအာရုန်သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့်သူ၏ သားတည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ခန့်ထားလော့။
Numbers 16:10သင့်ကို၎င်း၊ သင့်ညီအစ်ကို လေဝိသားအပေါင်း တို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသော ကျေးဇူး တော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။
Numbers 18:7ထိုကြောင့် သင်နှင့်သင်၏သားတို့သည် ယဇ် ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင် ရွက်စရာအမှုရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင် ရွက်ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရော ဟိတ်အရာကို ငါပေးပြီ။ မဆိုင်သော သူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်ဟု မိန့် တော်မူ၏။
1 Kings 8:19သို့သော်လည်းသင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ၏။
Nehemiah 13:10အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည် တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြ သည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာ ရိက္ခာကို မံမရကြောင်းကို ငါရိပ်မိလျက်၊