ဟောရှေအနာဂတ္တိကျမ်း 1:6
တဖန်ပဋိသန္ဓေယူ၍ သမီးကိုဘွားမြင်လေ၏။ ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုးကို နောက် တဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည်။
1835 Judson Burmese Bible
In The King James Version
In Context
5ဣသရေလလေးကို ယေဇရေလချိုင့်၌ ငါချိုး သော နေ့ခြင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော် မူ၏။
Read all of ဟောရှေအနာဂတ္တိကျမ်း 1
Cross References
2 Kings 17:20ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး ရှိသမျှကို ရွံရှာ၍ မျက်မှောက်တော်မှ မနှင်ထုတ်မှီ တိုင်အောင် ဒဏ်ခတ်တော်မူ၏။ လုယက်သော သူတို့ လက်၌အပ်တော်မူ၏။
Isaiah 27:11အခက်အလက်တို့သည် သွေ့ခြောက်သောအခါ ချိုးခြင်းသို့ရောက်၍၊ မိန်းမတို့သည် လာ၍မီးရှို့ကြလိမ့် မည်။ အကြောင်းမူကား၊ ပညာမဲ့သောအမျိုးဖြစ်၏။ ထို့ ကြောင့်၊ဖန်ဆင်းပြုပြင်တော်မူသောသူသည် မသနား၊ ကျေးဇူးမပြုဘဲ နေတော်မူလိမ့်မည်။
Hosea 2:23ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့ မြေ၌ ကိုယ်အဘို့ ငါကြဲမည်။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ၏လူဖြစ်သည်ဟု ငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော် မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။
Amos 7:8အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ ချိန်ကြိုးကို မြင်ပါသည်ဟု လျှောက်သော်၊ ဘုရားရှင်က၊ ငါ၏လူဣသရေလအမျိုး အလယ်၌ ချိန်ကြိုးကို ငါချမည်။ နောက်တဖန် သူတို့ကို သည်းမခံ။
1 Peter 2:10အထက်ကအပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်းယခုတွင် ခံရကြ၏။