ဟောရှေအနာဂတ္တိကျမ်း 2:12
ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 2
Cross References
Isaiah 5:5ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြု ရမည်အမှုကို သင်တို့အား ငါဘော်ပြမည်။ စောင်းရန်းကို ငါပယ်ရှင်းသဖြင့်။ သူတပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုကိုဖျိုသဖြင့်၊ သူတပါးတို့သည် ကျော်နင်းကြ လိမ့်မည်။
Isaiah 29:17လေဗနုန်တောင်သည် ဝပြောသောလယ်ပြင်ကဲ့ သို့၎င်း၊ ဝပြောသောလယ်ပြင်သည် တောကဲ့သို့၎င်း ဖြစ်ရ သောအချိန်နီးပြီ မဟုတ်လော။
Jeremiah 8:13သူတို့ကို ငါရှင်းရှင်းဖျက်ဆီးမည်။ စပျစ်နွယ်ပင် ၌ စပျစ်သီးမရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်း သီးမရှိရ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း၊ လွှမ်းမိုးသောသူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Jeremiah 26:18ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မေရရှရွာ သားမိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန် တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။
Hosea 5:14အကြောင်းမူကား၊ ငါသည် ဧဖရိမ်၌ ခြင်္သေ့ကဲ့သို့၎င်း၊ ယုဒအမျိုး၌ ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်မည်။ငါသည် ကိုယ်တိုင်ကိုက်ဖြတ်၍ သွားမည်။ ချီသွား၍ အဘယ်သူမျှ မနှုတ်ရ။
Hosea 13:8သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကြို ၍၊ သူတို့နှလုံး၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စားမည်။ တော သားရဲဖြစ်၍ အပိုင်းပိုင်းဆွဲဖြတ်မည်။