ဟောရှေအနာဂတ္တိကျမ်း 4:16
ဣသရေလ အမျိုးသည် ရုန်းတတ်သော နွားမပျိုကဲ့သို့ဆန့်ကျင်ဘက်ပြုတတ်၏။ ယခုမှာထာဝရဘုရား သည် ကျယ်သောအရပ်၌ သိုးသငယ်ကိုထိန်းသကဲ့သို့၊ ဣသရေလ အမျိုးကို ပြုတော်မူမည်။
1835 Judson Burmese Bible
In The King James Version
In Context
17ဧဖရိမ်သည်ရုပ်တုတို့၌စွဲကပ်လျက်ရှိ၏။ သူ့ကိုတတ်တိုင်းရှိစေလော့။
Read all of ဟောရှေအနာဂတ္တိကျမ်း 4
Cross References
Leviticus 26:33သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။
Isaiah 5:17ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်းဘူး၍။ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြ လိမ့်မည်။
Isaiah 22:18တလိမ့်လိမ့် လှိမ့်လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထိုပြည်၌ သေရလိမ့်မည်။ ထိုပြည်၌လည်း သင်၏ ကြက် သရေရထားတို့သည်၊ သင့်အရှင်၏ အမျိုးအရှက်ကွဲစရာ ဖြစ်ရကြလိမ့်မည်။
Jeremiah 3:8ဖောက်ပြန်သော ဣသရေလသည် မတရား သော မေထုန်ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ သစ္စာပျက် သောညီမ ယုဒသည်လည်း၊ မကြောက်ဘဲသွား၍၊ ပြည် တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။
Jeremiah 5:6ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ ကို သတ်လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကို စောင့်၍၊ မြို့ပြင်သို့ထွက် သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။
Jeremiah 8:5ဤလူမျိုးတည်းဟူသော ယေရုရှလင်မြို့သားတို့သည် ထာဝရဖောက်ပြန်ခြင်းအားဖြင့် အဘယ်ကြောင့် ဖောက်ပြန်ကြသနည်း။ မုသာကို စွဲလမ်းကြ၏။ ငါတို့သည် ပြန်၍မလာဟု ခိုင်မာစွာ ဆိုကြ၏။