ဟောရှေအနာဂတ္တိကျမ်း 4:3
ထိုကြောင့်၊ ပြည်သည် ငြိုငြင်လိမ့်မည်။ ပြည် သားအပေါင်းတို့နှင့်တကွ၊ တောသားရဲ၊ မိုဃ်းကောင်းကင် ငှက်တို့သည် အားလျော့ကြလိမ့်မည်။ ပင်လယ်ငါးတို့ သည်လည်း ကုန်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 4
Cross References
Isaiah 33:9ပြည်တော်သည် ငြိုငြင်၍ အားလျော့၏။ လေဗ နုန်တောသည် ရှက်ကြောက်၍ နွမ်းရိ၏။ ရှာရုန်အရပ် သည် တောကဲ့သို့ ဖြစ်၏။ ဗာရှန်တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား၏။
Jeremiah 4:27ထာဝရဘုရားမိန့်တော်မူသည်ကား၊ တပြည် လုံးပျက်စီးရာ ဖြစ်လိမ့်မည်။ ပျက်စီးခြင်းကို ငါမဆီးတား၊
Jeremiah 9:9ထိုသို့သော အပြစ်တို့ကို ငါမစစ်ကြောဘဲနေရ မည်လော။ ထိုသို့သော အမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲ မပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
Ezekiel 38:20ပင်လယ်ငါး၊ မိုဃ်းကောင်းကင်ငှက်၊ တော တိရစ္ဆာန်နှင့် မြေ၌တွားတတ်သောတိရစ္ဆာန်၊ မြေပေါ်မှာ ရှိသော လူအပေါင်းတို့သည် ငါ့ရှေ့မှာ တုန်လှုပ်ကြ လိမ့်မည်။ တောင်တို့သည်ပြိုလျက်၊ အစောက်မြင့်သော အရပ်တို့သည် လဲလျက်၊ အလုံးစုံသောအိုတ်ရိုး ပြုတ်လျက် ရှိကြလိမ့်မည်။
Amos 1:2ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်ကကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲကအသံကို လွှင့်တော်မူသော ကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။
Amos 8:8ထိုအပြစ်ကြောင့် မြေတုန်လှုပ်လိမ့်မည် မဟုတ်လော။ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် မဟုတ်လော။ မြစ်ကဲ့သို့ တပြည်လုံး ထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ်လိမ့်မည်မဟုတ် လော။