ဟောရှေအနာဂတ္တိကျမ်း 4:5
ထိုကြောင့်၊ နေ့အချိန်၌ သင်သည်လဲရလိမ့်မည်။ ညဉ့်အချိန်၌ သင်နှင့်အတူ ပရောဖက်သည်လည်း လဲရ လိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 4
Cross References
Isaiah 9:13ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။
Jeremiah 6:4သူ့ကို စစ်တိုက်ခြင်းငှါ ပြင်ကြလော့။ ထကြ။ မွန်းတည့်အချိန်၌ တက်သွားကြကုန်အံ့။ ငါတို့၌ ခက်လှ ၏။ မွန်းလွဲပြီ။ မိုဃ်းချုပ်လေပြီ။
Jeremiah 6:15သူတို့သည် ရွံရှာဘွယ်သော အမှုကိုပြုပြီးမှ ရှောက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက် ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက် လဲကြ လိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Jeremiah 14:15ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြော သော ပရောဖက်တို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည်။
Jeremiah 23:9ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရားကြောင့်၎င်း၊ သန့်ရှင်းသော စကားတော် ကြောင့်၎င်း ငါ့စိတ်ပျက်လျက်ရှိ၏။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ၏။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သော သူကဲ့သို့ ငါဖြစ်၏။
Ezekiel 13:9အချည်းနှီးသော အရာကိုမြင်၍ မုသာစကားကို ဟောပြောတတ်သော ပရောဖက်တို့ကို ငါဆီးတားသဖြင့်၊ သူတို့သည် ငါ၏ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ။ ဣသရေလ အမျိုး၏ စာရင်း၌ သူတို့အမည်ကို မသွင်းရ။ ဣသရေလပြည်၌နေရာမချရ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။