ဟောရှေအနာဂတ္တိကျမ်း 8:4
သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလို အလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှါ၊ ကိုယ်ရွှေငွေနှင့်ကိုယ်အဘို့ ရုပ်တုများကိုလုပ်ကြပြီ။
1835 Judson Burmese Bible
In The King James Version
In Context
3ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့်၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
Read all of ဟောရှေအနာဂတ္တိကျမ်း 8
Cross References
1 Kings 12:28သူတပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင် ကို လုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရ သော အမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြ လော့ဟု ဆိုလျက်၊
1 Kings 16:31နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက် အပြစ်လမ်းသို့သာလိုက်လျှင်၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဘက်၍၊ ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၏။
Jeremiah 44:7ယခုမှာဣသရေလမျိုး၏ ဘုရားသခင်၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ဘုရားသခင်၊
Hosea 2:8ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။
Hosea 13:9အို ဣသရေလ၊ သင့်ကို ကယ်တင်နိုင်သော အရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။
Luke 13:25အိမ်ရှင်သည် တခါထ၍ တံခါးကို ပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အားဖွင့်ပါဟု တောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။