ဟောရှေအနာဂတ္တိကျမ်း 9:13
ဧဖရိမ်သည် တုရုမြို့ကဲ့သို့ ငြိမ်ဝပ်ရာအရပ်၌ တည်ဟန်ရှိသော်လည်း၊ မိမိသားသမီးတို့ကို လူသတ်လက် သို့ အပ်ရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 9
Cross References
Job 27:14သူ၏သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။
Lamentations 2:22ပွဲသဘင်နေ့၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။
Ezekiel 27:3အိုပင်လယ်ဝ၌ တည်သောမြို့၊ များစွာသော ကျွန်းသူကျွန်းသားတို့အဘို့ ကုန်သွယ်တတ်သောမြို့၊ သင့် ကို အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင်က၊ ငါ၏တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ်၏။
Hosea 10:14ထိုကြောင့်၊ သင်၏လူတို့သည် ရုန်းရင်းခတ်ကြ လိမ့်မည်။ ရှာလမန်မင်းသည် ဗေသာဗေလမြို့ကို စစ် တိုက်သောအခါ ဖျက်ဆီးသကဲ့သို့၊ သင်၏ရဲတိုက်ရှိသမျှ တို့သည် ပျက်စီးရကြလိမ့်မည်။ အမိသည် သားတို့နှင့် အတူ မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ခံရလိမ့်မည်။
Hosea 13:16ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ထားဖြင့် လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို၎င်း၊ ကိုယ်ဝန်ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲခြင်းကို၎င်း ခံရကြလိမ့်မည်။
Amos 7:17ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏ မယားသည် ပြည်တန်ဆာဖြစ်လိမ့်မည်။ သူတပါးတို့သည် သင်၏မြေကို ကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသော ပြည်၌ သေရလိမ့်မည်။ ဣသရေလ အမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။