Isaiah 1:17
ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့။ ကောင်းသောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့။ မှုဆိုးမတို့၏အမှု ကို စောင့်ကြလော့။
1835 Judson Burmese Bible
In The King James Version
Learn to do well; seek judgment, relieve the oppressed, judge the fatherless, plead for the widow.
In Context
Cross References
Psalms 82:3ဆင်းရဲသော သူနှင့် မိဘမရှိသောသူတို့ကို စောင့်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ဘက်၌ တရားစီရင်ကြလော့။
Proverbs 21:3ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
Isaiah 1:23သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုး လက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ။ မုတ်ဆိုးမအမှုကို နားမထောင် ကြ။
Jeremiah 22:3ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရား သဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲသော သူ၏လက်မှကယ်နှုတ် ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသော သူတို့ကို ဤအရပ်၌မကွပ်မျက်ကြနှင့်။
Ezekiel 22:7သင့်အလယ်၌ မိဘတို့ကိုမထီမဲ့မြင်ပြုကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြုကြ၏။ မိဘမရှိသောသူ နှင့် မုတ်ဆိုးမတို့ကို ညှဉ်းဆဲကြ၏။
Daniel 4:27သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။