Isaiah 1:3
နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်သော် လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 32:28အကြောင်းမူကား၊ သူတို့သည် ပညာသတိမရှိ၊ ဉာဏ်ကင်းသော လူမျိုးဖြစ်ကြ၏။
Proverbs 6:6အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
Isaiah 5:12သူတို့၏ပွဲ၌စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည်ပါတတ်၏။ ထာဝရဘုရား၏ အမှုတော်ကိုကား၊ ပမာဏမပြုကြ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ် မိကြ။
Isaiah 42:20သင်သည် များစွာမြင်သော်လည်း အာရုံမပြု တတ်။ နားပွင့်လျက်ရှိသော်လည်း မကြားတတ်။
Jeremiah 4:22အကယ်စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကို မသိကြ။ မိုက်သောသူငယ်ဖြစ်၍ ဉာဏ်မရှိကြ။ မကောင်းသော အမှုတို့၌ လိမ္မာကြ၏။ ကောင်းသောအမှု တို့ကို မပြုတတ်ကြ။
Jeremiah 9:3သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့် တင်ကြ၏။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီး ပေါ်မှာ လူကြီးဖြစ်ကြ၏။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှု ကို ထပ်၍ပြုကြ၏။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။