Isaiah 1:31
ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်းကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ။
1835 Judson Burmese Bible
In The King James Version
In Context
30အကြောင်းမူကား၊ အရွက်နွမ်းသော သပိတ်ပင် ကဲ့သို့၎င်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
Cross References
Judges 15:14လေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သော ကြိုးတို့သည် မီးထိသော ပိုက်ဆန်ကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။
Isaiah 9:19ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ။
Isaiah 27:4ငါ့အမျက်ငြိမ်းပြီ။ ဆူးပင်မျိုးကိုမူကား၊ စစ်ပွဲ၌ ငါတွေ့ပါစေသော။ချက်ချင်းတိုက်၍ တပြိုင်နက်မီးရှို့ မည်။
Isaiah 34:9ထိုပြည်၏မြစ်ရေသည် ထင်းရူးစေး၊ မြေမှုန့် လည်းကန့်၊ တပြည်လုံးလည်း မီးလောင်သော အစေးဖြစ် လိမ့်မည်။
Isaiah 50:11မီးကိုညှိ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသော သူအပေါင်းတို့၊ သင်တို့မီး၏အလင်း၌၎င်း၊ သင်တို့ ပြုစု သော မီးစများ၌၎င်း သွားလာကြလော့။ ငါ့လက်၌ ခံရ သော အကျိုးဟူမူကား၊ သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည်။
Ezekiel 20:47အရှင်ထာဝရဘုရား၏ အမိန့်တော်ကို တောင် ပြည်၌ရှိသော တောအားဆင့်ဆိုရမည်မှာ၊ ငါသည် သင်၌ မီးကိုညှိမည်။ သင်၌ စိမ်းလန်းသောအပင်၊ သွေ့ခြောက် သောအပင်ရှိသမျှ လောင်လိမ့်မည်။ တောက်သော မီးလျှံသည်မငြိမ်းရ။ တောင်ဘက်မှသည် မြောက်ဘက်သို့ တိုင်အောင် မြေတပြင်လုံးလောင်လိမ့်မည်။