Isaiah 10:34
တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ၍၊ လေဗနန်တောသည် တန်ခိုးကြီးသော သူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း။ ငါ့စိတ်လည်းပြေလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
And he shall cut down the thickets of the forest with iron, and Lebanon shall fall by a mighty one.
In Context
Cross References
Psalms 103:20တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နား ထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။
Isaiah 31:8အာရှုရိလူသည်လည်း၊ကြီးမြတ်သောသူ၏ ထား မဟုတ်သော ထားဖြင့်ဆုံးလိမ့်မည်။ ယုတ်သောသူ၏ထား မဟုတ်သော ထားသည် သူ့ကိုဖျက်ဆီးလိမ့်မည်။ သူသည် လည်း ထားဘေးမှ ပြေး၍၊ သူရဲတို့သည် ကျွန်ခံရကြလိမ့် မည်။
Isaiah 37:36ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ထွက်၍၊ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန် ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။
Jeremiah 46:22သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက်၊ လူအလုံး အရင်းနှင့်တကွ ချီလာကြသောအခါ၊ သူ၏စကားသံ သည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည်။
Daniel 4:13အိပ်ပျော်၍ မြင်မက်စဉ်၊ တဖန်ငါကြည့်ရှုပြန် လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတယောက် သည် ကောင်းကင်မှ ဆင်းလာ၍၊
Nahum 1:12ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် စုံလင်၍ အရေအတွက်အားဖြင့် များပြားသော်လည်း၊ ဆုံးရှုံး၍ ကွယ်ပျောက်ရကြလိမ့်မည်။ သင့်ကို ငါညှဉ်းဆဲ ဘူးသော်လည်း နောက်တဖန် မညှဉ်းဆဲ။