Isaiah 11:4
ဆင်းရဲသားတို့၏ အမှုကိုတရားတော် အတိုင်း စီရင်၍၊နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ မြေကြီးကိုနှုတ်က ပတ်တော် လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
5တရားနှင့်သစ္စာသည် သူ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်။
Cross References
2 Samuel 23:2ထာဝရဘုရား၏ ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌ တည်၏။
Job 4:9ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
Psalms 2:9သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့ သို့ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။
Psalms 45:6အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။
Psalms 72:1အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသား ဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။
Psalms 76:10အကယ်စင်စစ်လူတို့၏ ဒေါသသည် ကိုယ်တော် ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်း စည်းတော်မူမည်။