Isaiah 12:6
အိုဇအုန် သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် သင်၏ အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 23:15မိမိသခင်ထံကပြေး၍ သင့်ထံသို့ ရောက်သော ကျွန်ကို သခင်၌ မအပ်ရ။
Psalms 68:16သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။
Psalms 89:18ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရား သည် အကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။
Psalms 132:14ဤမြို့ကား ငါအစဉ်အမြဲ ကျိန်းဝပ်ရာမြို့တည်း။ ငါအလိုရှိသည် ဖြစ်၍၊ ဤမြို့၌ငါနေမည်။
Isaiah 8:18ငါမှစ၍ ငါ့အားထာဝရဘုရားပေးတော်မူသော သူငယ်တို့သည် ရှိကြ၏။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ် တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ထံတော်က၊ ဣသရေလအမျိုး၌ ပုပ္ပနိမိတ်နှင့် အံ့ဘွယ် သော အရာဖြစ်စေခြင်းငှါ ပေးတော်မူသတည်း။
Isaiah 24:23လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည် လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင် ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ ရှေ့တွင်ဘုန်းကြီးတော်မူလတံ့။