Isaiah 14:23
ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ၊ ရေလွှမ်း မိုးရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်း၏ တန်မြက်စည်း ဖြင့်လှည်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
24ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍ မိန့်တော်မူသည်ကား၊
Cross References
1 Kings 14:10ထိုကြောင့် ယေရောဗောင်အမျိုးအပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ယေရောဗောင်အမျိုးယောက်ျားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင်ကျုံးသွားသကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးသားကို ပယ်သွားမည်။
Isaiah 13:21တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။
Isaiah 34:11ဝံပိုငှက် နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေ ခံ၍၊ ဣဗိတ်ငှက် နှင့် ကျီးအတို့သည်လည်း နေကြလိမ့် မည်။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း ၍၊ လဟာ မှန်ထုပ်ကို စီရင်တော်မူလိမ့်မည်။
Jeremiah 51:25ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖျက်ဆီး တတ်သောသဘောရှိ၍၊ မြေကြီးတပြင်လုံးကို ဖျက်ဆီး တတ်သောတောင်ကြီး၊ သင့်တဘက်၌ ငါနေ၏။ သင့် အပေါ်မှာ ငါ၏လက်ကိုဆန့်လျက်။ ကျောက်တို့မှ သင့်ကို လှိမ့်ချ၍၊ မီးနှင့်ကျွမ်းလောင်သော တောင်ဖြစ်စေမည်။
Zephaniah 2:14မြို့အလယ်၌ သိုးစုများနှင့် တပါးအမျိုးသားရဲ အပေါင်းတို့သည် အိပ်ကြလိမ့်မည်။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုပ်၌ နေရာကျ၍ ပြတင်းပေါက်၌ မြည်ကြလိမ့် မည်။ တံခါးခုံတို့သည် လူဆိတ်ညံလျက်၊ အာရဇ်သစ်သား ၌ အပြော်ပယ်ရှင်းလျက် ရှိလိမ့်မည်။
Revelation 18:2သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။