Isaiah 17:12
သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူ များ အလုံးအရင်းတို့၌၎င်း၊ အားကြီးသော ရေတို့ သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သောလူမျိုးတို့၌၎င်း အမင်္ဂလာရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 18:4သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။
Psalms 46:1ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အား ကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။
Psalms 93:3အို ထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကို ပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုးခတ်ကြပါ၏။
Isaiah 5:30ထိုကာလ၌ သူတို့သည် သမုဒ္ဒရာ အသံဗလံ ကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုလျှင်၊ မှောင်မိုက်အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်း ကင် အလင်းသည် ကွယ်ပျောက်လိမ့်သတည်း။
Isaiah 9:5စစ်တိုက်သောသူရဲ၏ ခြေစွပ်နှင့် အသွေးလှသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဘို့မီးစာ ဖြစ်ရကြ လိမ့်မည်။
Jeremiah 6:23လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍၊ သနားခြင်းကရုဏာမရှိ။ သူတို့ စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်း စီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။