The Bible Software
bible.software › Isaiah › Isaiah 17 › Isaiah 17:7

Isaiah 17:7

ထိုကာလ၌ လူသည်မိမိကို ဖန်ဆင်းတော်မူ သော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်း တော်မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည်။

1835 Judson Burmese Bible

In The King James Version

At that day shall a man look to his Maker, and his eyes shall have respect to the Holy One of Israel.

In Context

6သို့ရာတွင်၊သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသော အခက်တို့၌ လေးငါးလုံးရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်း ရှိရလိမ့်မည်ဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူ၏။

8မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအ ရာတည်းဟူ သော အာရှရပင်တို့ကို၎င်း၊ ရုပ်ထုတို့ကို၎င်း ပမာဏ မပြုရ။

Read all of Isaiah 17

Cross References

2 Chronicles 30:10စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။

2 Chronicles 31:1ထိုအမှုလက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား ၍ ယုဒပြည်၊ ဗင်္သာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သော အရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမှီ တိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးသီးပိုင် ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ၏။

Isaiah 10:20ထိုအခါမှစ၍၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည်၊ မိမိ တို့ကို ညှဉ်းဆဲသောသူ၌ နောက်တဖန် မကိုးစားဘဲ၊ ဣသ ရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရား၌ အမှန်ကိုးစားကြလိမ့်မည်။

Isaiah 22:11ရေကန်ဟောင်းမှထွက်သော ရေစုဝေးရာ ကိုလည်း၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင်၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့ သည် မကြည့်မမှတ် တတ်ကြ။ ရှေးက ဖန်ဆင်းတော်မူ သောသူကို ပမာဏမပြု တတ်ကြ။

Isaiah 29:18ထိုကာလ၌ နားပင်းသောသူတို့သည် ကျမ်းစ ကားကို ကြားကြ လိမ့်မည်။ မျက်စိကန်းသောသူတို့သည် မြှေးရှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့် ကင်းလွတ်၍ မြင်ကြ လိမ့်မည်။

Jeremiah 3:12သင်သည် သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော် ရမည် စကားဟူမူကား၊ အိုဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါ သည် မျက်မုန်းကြိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘော ရှိ၏။ အစဉ်အမျက်ထွက်တတ်သည်မဟုတ်ဟု ထာဝရ ဘုရား မိန့်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 17:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 17:6Isaiah 17Isaiah 17:8 →