Isaiah 17:8
မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအ ရာတည်းဟူ သော အာရှရပင်တို့ကို၎င်း၊ ရုပ်ထုတို့ကို၎င်း ပမာဏ မပြုရ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 34:13သူတို့ယဇ်ပလ္လင်များကို ဖျက်ဆီးရမည်။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည်။ သူတို့ အာရှရပင် များကို ခုတ်လှဲရမည်။
2 Chronicles 31:1ထိုအမှုလက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား ၍ ယုဒပြည်၊ ဗင်္သာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သော အရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမှီ တိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးသီးပိုင် ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ၏။
2 Chronicles 34:6ထိုအတူ မနာရှေခရိုင်၊ ဧဖရိမ်ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိခရိုင် တိုင်အောင်၊ အရပ်ရပ်မြို့များတို့၌ ပေါက်တူးနှင့်လုပ်လျက်၊
Isaiah 2:8သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့်ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည် တကား။
Isaiah 27:9ထိုသို့ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့၍၊အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ၊ မိမိအပြစ်ပြေ၍၊ အပြစ်ပြေရှင်းခြင်း အ ကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်။
Isaiah 31:6အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အ လွန်လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာ ကြလော့။