Isaiah 18:2
ပင်လယ်လမ်းဖြင့်၎င်း၊ ရေပေါ်၌ဂမာလှေဖြင့် ၎င်း၊ သံတမန်တို့ကို လွှတ်တတ်သောပြည်၊ နားထောင် လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင် အောင်၊ ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်ကွဲပြားသော မြေ၌နေသော လူမျိုးထံသို့၊ လျင်မြန်သောတံမန်တို့၊ သွားကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
1အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ် သော အတောင်ရှိ၍၊
Cross References
Genesis 10:8ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ်၏။
2 Chronicles 12:2ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရော ဗောင်မင်းကြီးနန်းစံ ငါးနှစ်တွင်၊
2 Chronicles 16:8ကုရှလူနှင့်လိဗုလူတို့သည် ရထားများ၊ မြင်းစီး သူရဲများနှင့်တကွ၊ အားကြီးသော အလုံးအရင်ဖြစ်သည် မဟုတ်လော။ သို့သော်လည်း မင်းကြီးသည် ထာဝရ ဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီး လက်သို့ အပ်နှံတော်မူပြီ။
Isaiah 19:5ထိုအခါပင် လယ်ရေပြတ် လိမ့်မည်။ မြစ်ရေ လည်းလျော့၍ ခန်းခြောက် လိမ့်မည်။
Ezekiel 30:9ထိုအခါစိုးရိမ်ခြင်းမရှိသော အဲသယောပိပြည် သားတို့ကို ကြောက်စေခြင်းငှါ၊ ငါစေလွှတ်သော တမန်တို့ သည် သင်္ဘောစီး၍ သွားကြသဖြင့်။ အဲဂုတ္တပြည်၏ အချိန်၌ သူတို့သည်လည်း အလွန်ဆင်ရဲခြင်းသို့ ရောက်ရ ကြလိမ့်မည်။ ထိုအချိန်လည်းနီးပြီဟု မိန့်တော်မူ၏။