Isaiah 18:6
သူတို့သည် တောင်ပေါ်မှာ နေတတ်သော ငှက် များ၊ တောသားရဲများတို့၏ အဘို့ဖြစ်၍၊ ငှက်တို့သည် နွေ ကာလ၌၎င်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ ၌၎င်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 14:19သင့်ကိုမူကား၊ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ သင်္ချိုင်းထဲကထုတ်ပစ်ရ၏။ ကွပ်မျက်သောသူ၊ ထားဖြင့်ထိုးသောသူ၊ သင်္ချိုင်းတွင်း၌ ကျောက်စုထဲသို့ ချသောသူများနှင့် ဖုံးအုပ်လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင်ဖြစ်လေ၏။
Isaiah 56:9အို လယ်ပြင်သားအပေါင်းနှင့် တော၌လည် သော သားရဲအပေါင်းတို့၊ ကိုက်စားခြင်းငှါ လာကြလော့။
Jeremiah 15:3သူတို့ကို သတ်ရသောထား၊ ဆွဲဖြတ်ရသောခွေး၊ ကိုက်စားရသော မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတည်း ဟူသော ရန်သူလေးမျိုးကို သူတို့တဘက်၌ ငါခန့်ထား မည်။
Ezekiel 32:4ငါသည် သင့်ကိုကုန်းပေါ်မှာတင်၍ လွင်ပြင်၌ ပစ်ထားမည်။ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို သင့် အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာ ကျွေးမည်။
Revelation 19:17ကောင်းကင်တမန်တပါးသည် နေထဲမှာ ရပ် လျက်ရှိသည်ကို ငါမြင်၏။