Isaiah 2:22
နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း။
1835 Judson Burmese Bible
In The King James Version
Cease ye from man, whose breath is in his nostrils: for wherein is he to be accounted of?
In Context
Cross References
Genesis 2:7ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
Job 7:15ငါသည်ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍သေရသောအခွင့်ကို သာ၍ တောင့်တ ပါ၏။
Psalms 8:4လူသည် အဘယ်သို့သော သူဖြစ်၍၊ ကိုယ်တော် သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရ သနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်း ငယ်နှိမ့်တော်မူပြီ။
Psalms 144:3အိုထာဝရဘုရား၊ လူသည်အဘယ်သို့သော သူဖြစ်၍၊ ကိုယ်တော်သည် မှတ်တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍၊ ပမာဏ ပြုတော် မူရသနည်း။
Isaiah 40:15လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက် ကဲ့သို့ ဖြစ်၍၊ ချိန်ခွင်၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာ ရှိ၏။ ကျွန်းတို့သည်လည်း၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။
James 4:14နက်ဖြန်နေ့၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။