Isaiah 20:2
ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်း သော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူ သည် ပြု၍ အဝတ်ကို မဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Joshua 5:15ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ် မှူးက၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအ ရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြု လေ၏။
2 Samuel 6:20ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွား၍ရောက်သောအခါ၊ ရှောလု ၏သမီး မိခါလသည် ဆီး၍ကြိုလျက်၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့၊ ယနေ့ ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည်၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီးတော်မူပါသည်တကားဟုဆို၏။
Job 1:20ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
Jeremiah 13:1တဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်း ကို သွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊
Ezekiel 4:5အကြောင်းမူကား၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကိုသင်၏အပေါ်၌ ငါတင်ထားပြီ။ ထိုသို့ ဣသရေလအမျိုး၏ အပြစ်ကို သင်သည် ခံရမည်။
Ezekiel 24:23ခေါင်းပေါင်းပေါင်း၍ ခြေနင်းကို စီးရကြလိမ့် မည်။ ငိုကြွေးမြည်တမ်းခြင်းကိုမပြုရကြ။ ကိုယ်အပြစ် ကြောင့် ပိန်ကြုံး၍ တယောက်ကိုတယောက် ညည်းတွား ရကြလိမ့်မည်။